Tuesday, January 6, 2009

Screen Hunter

ဘလော့ဂ်ဂါတို့အတွက်သာမက ကွန်ပြူတာဖြင့် အလုပ်များသော သူများအတွက် အလွယ်တကူပုံတွေကူးယူနိုင်ရန် လိုအပ်မည်ထင်တဲ့ ယူဆော့ဖ်ဝဲလ်လေးကို တင်ပြပေးလိုက်ပါတယ်။ Screen Hunter အတွက်အင်စတော လုပ်ပုံကို အိုင်တီမောင်မောင် ဝဘ်ဆိုဒ်မှ ကူးယူတင်ပြလိုက်ပါတယ်။ လိုအပ်သည့် ဆော့ဖ်ဝဲလ်အတွက် ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ နောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း လေးထောင့်ဘောင်ထဲမှ အမှန်ခြစ်ကို ဖြုတ်ပစ်ခဲ့ရပါမယ်။




Guide For Learning To Myanmar Unicode

Introduction Myanmar Unicode and Starting Blog

လှိုင်ဘုန်းအောင်ဘလော့ဂ်မှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်။ နောင်တွင် ပိုစ့်အသစ်များ ဆက်လက်ရေးသားသွားပါမည်။ မြန်မာ့အင်တာနက်နှင့် အနာဂတ်မှာ မြန်မာယူနီကုဒ်ဟာ အရေးပါလာနိုင်ဖွယ်ရာ ရှိပါတယ်။ အစောပိုင်းက မြန်မာယူနီကုဒ်နဲ့ ဇော်ဂျီကွဲလွဲပုံအကြောင်း မသိခဲ့ပါဘူး။ နောက်ပိုင်းမှာ ယူနီကုဒ်ရဲ့အရေးပါပုံ ဇော်ဂျီနဲ့ ကွဲလွဲပုံတွေအကြောင်း၊ နောင်အနာဂါတ်မှာ မြန်မာယူနီကုဒ်ကြောင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်းတွေကို http://mmfontconvert.blogspot.com/ မှာ စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးထားတာကို ဝင်ဖတ်ဖြစ်ခဲ့ရာက နားလည်သဘောပေါက်လာတယ်။ ဒါကြောင့် မြန်မာယူနီကုဒ်၏ စနစ်အတိုင်း အတတ်နိုင်ဆုံး စည်းကမ်းလိုက်နာထားပြီး မြန်မာသရီးဖောင့်အစရှိသဖြင့် ဆက်လက်ရေးသားသွားပါမည်။